BREAKING
October 31, 2025

ကံပေါက်ရွာသားတစ်ဦးကို မောရဝတီကဖမ်းဆီး၊ ငါးရက်ကြာအထိ ပြန်မလွတ်သေး

September 10, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ရွာ၊ မဂ္ဂင်ရပ်ကွက်တွင် နေထိုင်သောအမျိုးသားတစ်ဦးကို မောရဝတီရေတပ်က စက်တင်ဘာလ ၅ ရက် ညနေပိုင်းက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။

အဖမ်းခံရသူသည် ပန်းရန်လုပ်ကိုင်သူ ဦးအေးကိုဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

“ပြန်မလွတ်လာသေးဘူး၊ မိသားစုနဲ့လည်းမတွေ့ရသေးဘူး “ ဟု ၎င်း နှင့် နီးစပ်သူတစ်ဦးက ယနေ့ နံနက်ပိုင်းတွင်ပြောသည်။

ဦးအေးကိုကို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးစစ်ဆေးနေသည်ကိုမူ အသေးစိတ်မသိရသေးပေ။

သြဂုတ်လ ၂၀ ရက်က မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟုဆိုကာ မောရဝတီရေတပ်က ဖမ်းဆီးစစ်ဆေးနေသည့် ကံပေါက်ရွာနှင့် တောင်ရင်းအင်းရွာမှ လူငယ်ခြောက်ဦးသည် ဖမ်းဆီးခံရပြီး ရက်သတ္တပတ်အကြာတွင် ပြန်လွတ်လာကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှသိရသည်။