လောင်းလုံးမြို့တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း မိသားစုနှင့်နီးစပ်သည့် ဒေသခံများထံမှ သိရှိရသည်။
ပျောက်ဆုံးနေသူမှာ လောင်းလုံးမြို့ (က) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၃ နှစ်အရွယ်ရှိ ဦးကျော်သိန်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ဦးကျော်သိန်းသည် ဇွန်လ ၆ရက် သောကြာနေ့ နံနက်ပိုင်းတွင် နေအိမ်မှ Wave 100 အမျိုးအစားဆိုင်ကယ်ဖြင့် ထွက်သွား ရာ ယနေ့ ဇွန်လ ၁၀ရက် ညနေအထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း မရှိသေးကြောင်း မိသားစုနှင့်နီးစပ်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဆိုင်ကယ်နဲ့ ထွက်သွားကတည်းက ဒီနေ့အထိ အဆက်အသွယ်မရတော့ဘူး။ ပါသွားတဲ့ ဖုန်းကိုလည်း ဆက်မရတော့ဘူး” ဟု ၎င်းက ဆိုသည်။
ဦးကျော်သိန်းသည် ကျဘန်းလုပ်ငန်းဖြင့် ဇနီးနှင့် မြေးဖြစ်သူတို့ကို လုပ်ကျွေးနေသူဖြစ်ပြီး လက်ရှိတွင် ပျောက်ဆုံးနေခြင်း ကြောင့် ၎င်း၏ဇနီးနှင့် မြေးဖြစ်သူမှာ စားဝတ်နေရေး အခက်ကြုံလျက်ရှိကြောင်းမြို့ ခံအချို့နှင့် မိသားစုနှင့် နှီးစပ်သူများက ပြောသည်။
ဦးကျော်သိန်း ပြန်လည်တွေ့ရှိနိုင်ရန်အတွက် ဆွေမျိုးတော်စပ်သူများက ဇွန်လ ၉ ရက်ကစ၍ ဓာတ်ပုံအပါဝင် ဆက်သွယ်ရန်ဖုန်းနံပါတ်များဖြင့် လူမှုကွန်ရက်ပေါ် တွင် အကူညီတောင်းခံထားသည်ကိုလည်း တွေ့ရှိရသည်။
လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာအနီး လက်ခတ်တောင်တွင် မေလ ၃၀ရက်မှ ဇွန်လ ၁ရက်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။