ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ဗောဓိစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့ ဇွန်လ၁၀ရက်တွင် သိမ်းယူကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
ထီးခီးနယ်စပ်ရှိ စစ်ကောင်စီတပ်ဗျူဟာစခန်းအနီးရှိ အဆိုပါတပ်စခန်းကို ဇွန်လ ၈ ရက်တွင် စတင်တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ အမှတ် ၂၅ ခြေလျင်တပ်ရင်းအခြေပြုထားသည့် ဗောဓိတပ်စခန်းကို ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့က ဆိုသည်။
ဗောဓိစခန်းသိမ်းပိုက်မှုနှင့် ပတ်သက်၍ KNU နှင့် တော်လှန်ရေးတပ်များဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။
ထိုင်း-မြန်မာ ထီးခီးနယ်စပ်တွင် စစ်ကောင်စီတပ်၏ ဗောဓိစခန်းနှင့် ငါးရံ့နီစခန်းနှစ်ခုသာကျန်ရှိပြီး လက်ရှိတွင် ဗောဓိစခန်းကိုပါ ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။