ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ကတော့ ချက်ချင်းပဲ ပွဲထပ်ရသွားပါပြီ။
ရွိုင်းဗောလ်နဲ့ မာနယ်ကိပ်တို့ ထိုးဖို့ စီစဉ်ပေးထားတဲ့ပွဲမှာ မာနယ်ကိပ် ဒဏ်ရာရသွားလို့ Ranking 6 ဖိုက်တာ မာနယ်ကိပ်ရဲ့နေရာမှာ ဂျိုရှူအာဗန် ကို Short Notice နဲ့ အစားထိုးထည့်သွင်းလိုက်တာပါ။
မြန်မာစံတော်ချိန်အရ ရွိုင်းဗောလ်နဲ့ ဂျိုရှူအာဗန်တို့ဟာ လာမယ့်ဇွန်လ ၂၉ ရက် မနက်ပိုင်းမှာ ထိုးကြရပါတော့မယ်။ ဂျိူရှူအာဗန် ဟာ ဒီပွဲအတွက် ပြင်ဆင်ချိန် ၁၈ ရက်လောက်ပဲ ရှိပါတော့တယ်။
Ranking 2 ဖိုက်တာ မိုရီနိုနဲ့ ထိုးချင်လှပါတယ်ဆိုတဲ့ ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ဟာ အခုတော့ Ranking 1 ဖိုက်တာ ရွိင်းဗောလ်နဲ့ ကံကြမ္မာမျက်နှာသာပေးမှုကြောင့် ပွဲထိုးခွင့်ရသွားပါပြီ။
ဒီပွဲမှာသာ အနိုင်ရလဒ် ရယူပြနိုင်ခဲ့ရင်တော့ ဂျိုရှူအာဗန်ဘက်ကနေ ရွှေခါးပတ်လုပွဲ ချက်ချင်းတည်ပေးဖို့ တောင်းဆိုပိုင်ခွင့် ရှိလာတော့မှာပါ။
ရွိုင်းဗောလ် ဟာ ဂျိုရှူအာဗန်ထက် အရပ် ၄ လက်မလောက် ပိုမြင့်ပါတယ်။
ဒီပွဲဟာ ဂျိုရှူအာဗန်အတွက် ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာတော့မှာ သေချာနေပေမယ့် နိုင်ခဲ့မယ်ဆိုရင်တော့ ဂျိုရှူအာဗန်ရဲ့ Ranking ရပ်တည်ချက်နဲ့ ထိုးကြေးအကျိုးခံစားခွင့်က အရမ်းပဲ မြင့်တက်သွားမှာ သေချာနေပါတယ်။
ရွိင်းဗောလ်နဲ့ ဂျိုရှူအာဗန်တို့ဟာ ဇွန်လ ၂၉ ရက်ရောက်ရင် ကျင်းပမယ့် UFC 317 ပြိုင်ပွဲကြီးမှာ Main Card ပွဲအဖြစ် ထိုးရမှာလည်း ကျိန်းသေနေပြီဖြစ်ပါတယ်။
Source – UFC







