ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်ပစ်၍ နေအိမ် ၃ ဆောင်မီးလောင်ပြီး ပြည်သူနှစ်ဦး မီးလောင်သေဆုံး

April 10, 2026

ပုံစာ - ပလောက်မြို့ ၊ ပြည်ခြားရွာ လမ်းပိုင်း တစ်နေရာ (ပုံဟောင်း) ဓာတ်ပုံ - MOI

ပုလောမြို့နယ်၊ ပြည်ခြားရွာကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်သုံးဆောင် မီးလောင်ပျက်စီးသွားပြီး ပြည်သူနှစ်ဦး မီးထဲပါသွားကြောင်း စုံစမ်းသိရှိရသည်။

ဧပြီ ၇ ရက်နေ့ နံနက် ၈ နာရီတွင် ပလောက်မြို့အခြေစိုက် စစ်အာဏာရှင်တပ် အမှတ် ၂၈၀ ခြေလျင်တပ်ရင်းက လက်နက်ကြီးများဖြင့် ပြည်ခြားရွာကို ပစ်ခတ်ရာ နေအိမ်ပေါ်သို့ ကျည်ဆန် ကျရောက်ပေါက်ကွဲသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်ခြားရွာရှိ နေအိမ် ၃ ဆောင် မီးလောင်ပြီး ယင်းရွာသားနှစ်ဦးလည်း မီးလောင်သေဆုံးသွားကြောင်း မြိတ်-ထားဝယ်ခရိုင် KNU ကရင်အမျိုးသားစည်းရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ခြားရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ပြည်ခြားရွာတွင် ကရင်တိုင်းရင်သားအများစု နေထိုင်ကြပြီး လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ရွာသားများ‌ နေရပ်စွန့်ခွာထွက်ပြေးနေကြရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ရွာထဲလက်နက်ကြီး ကျလို့ ရွာသားတွေက တော်တော်များများပြေးကုန်ပြီ”ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်နှင့်တော်လှန်ရေးတပ်များသည် ပလောက်မြို့တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရှိရသည်။