BREAKING
November 10, 2025

သရက်ချောင်းမြို့နယ် ရဲစခန်းတွင် အချင်းချင်းပစ်ခတ်မှုကြောင့် စခန်းမှူးသေဆုံး

April 10, 2023

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ရဲစခန်းတွင် အချင်းချင်းပစ်ခတ်မှုကြောင့် စခန်းမှူးသေဆုံးခဲ့သည်ဟု မြို့နယ်ရဲစခန်းနှင့် နီးစပ်သူအချို့က ပြောသည်။

ဧပြီလ ၉ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်က အချင်းများ(ခိုက်ရန်ဖြစ်ပွား)ပြီး ဒုရဲအုပ်က စခန်းမှူး‌ကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အခုလုပ်လိုက်တဲ့လူကလည်း ဒီစခန်းကိုပြောင်းလာတာ မကြာသေးဘူး။ သူကလည်း အရာရှိ ဟိုကလည်းအရာရှိဆိုတော့ အရာရှိအချင်းချင်း ဖြစ်ကြတာပေါ့လေ။ စခန်းထဲက သေနတ်သံကြားမှ သိတယ်ဆိုပြောတယ်။ သေနတ်ဘာလို့ပစ်လဲဆိုပြီး အခန်းထဲကြည့်လိုက်မှ စခန်းမှူးက လဲနေပြီ၊ ပစ်တဲ့သူကိုတော့ အဲ့မှာ ချက်ချင်းပဲ ဖမ်းလိုက်တယ်” ဟု ၎င်းက ပြောသည်။

စခန်းမှူးနေမင်းစိုးမှာ အသက် ၄၀ ဝန်းကျင်ခန့်ရှိမည်ဟုဆုသည်။

သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ထုတ်ပြန်ခြင်းမရှိသလို အသေးစိတ်အခြေအနေကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပေ။

သရက်ချောင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီပစ်မှတ်နေရာများနှင့် စစ်ကားများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။