BREAKING
October 18, 2025

ထိုင်းက ဖမ်းဆီးခံ မြန်မာတွေ စစ်ကောင်စီလက်ထဲ ပြန်ပို့မခံရဖို့

March 10, 2025

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ဖြစ်နေတဲ့ ပဋိပက္ခ၊ တိုက်ပွဲနဲ့ အဓမ္မစစ်မှုထမ်းစနစ်ကြောင့် မြန်မာနိုင်ငံသားတွေက အိမ်နီးချင်းထိုင်းနိုင်ငံထဲ အလုံးအရင်းနဲ့ ပြောင်းရွှေ့ဝင်ရောက်လာကြပါတယ်။

ဒီလို တရားမဝင် ဝင်ရောက်လာချိန်အဖမ်းခံရသူ အများအပြားရှိသလို လုပ်ငန်းခွင်အတွင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးတာအပြင် အခြားပြစ်မှုအမျိုးမျိုးနဲ့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေလည်း ဆက်တိုက်ရှိနေပါတယ်။

ဒီလို ဖမ်းဆီးပြီး ဥပဒေအရ အရေးယူအပြစ်ပေးခံရပြီးသူတွေကို ထိုင်းအစိုးရက မြန်မာစစ်ကောင်စီဘက်ကို တောက်လျှောက် ပြန်လွှဲနေပါတယ်။

တစ်ဘက်မှာလည်း ထိုင်းနိုင်ငံက ပြန်ပို့သူတွေကို မြန်မာစစ်ကောင်စီက တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းပြီး စစ်သင်တန်းကျောင်းတွေကို ဆက်တိုက်ပို့ဆောင်နေပါတယ်။

ဒါကြောင့်မို့ ထိုင်းနိုင်ငံထဲအဖမ်းခံရပြီး မြန်မာဘက်ခြမ်းကို ပြန်မပို့အောင် ဥပဒေအရ ဘယ်လိုခုခံချေပလို့ရလဲ။ ဘယ်လိုအခွင့်အရေးတွေ တောင်းဆိုပိုင်ခွင့်ရှိလဲ။

ဒါတွေကို သိရှိနိုင်ဖို့အတွက် ထိုင်းနိုင်ငံအခြေစိုက် PEACE RIGHT FOUNDATION က ထိုင်းနိုင်ငံသား အကြီးတန်းရှေ့နေ Chatchai Amornlerdwattana ကို Dawei Watch က ဆက်သွယ်မေးမြန်းချက်ကို ကောက်နုတ်တင်ဆက်လိုက်ပါတယ်။

PEACE RIGHT FOUNDATION ဟာ မူလဇာတိနိုင်ငံတွေကို ပြန်ပို့ခံရနိုင်ခြေရှိသူများကို အကူအညီပေးနေသလို နိုင်ငံခြားသားတွေထိန်းသိမ်းထားတဲ့ အချုပ်ခန်းတွေက ပြန်လည်လွတ်မြောက်နိုင်ဖို့ အာမခံပေးတာအပြင် အခြားကိစ္စရပ်တွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

No related posts found.