BREAKING
November 11, 2025

ကလိန်အောင်တွင် အမျိုးသမီးနှစ်ဦးအဖမ်းခံရ

March 10, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယနေ့ မတ်လ ၁၀ ရက် နေ့လယ်ပိုင်းတွင်တစ်ဦး၊ ညနေပိုင်းတွင် တစ်ဦး အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

အဖမ်းခံရသည့် အမျိုးသမီးနှစ်ဦးမှာ ကလိန်အောင်မြို့အနီး ဇင်းဘာရွာနှင့် ကျောက်ရှပ် (နွယ်လီ) ရွာတို့မှဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“နေ့လယ်ပိုင်းမှာ ဖုန်းလာဝယ်တဲ့ တစ်ယောက်က ကလိန်အောင်တံတားထိပ်မှာ အဖမ်းခံလိုက်ရတယ်။ ညကျမှ နောက်တစ်ယောက်က သူ့အိမ်မှာ အဖမ်းခံရတယ်” ဟု ကလိန်အောင် မြို့ခံတစ်ဦးက ပြောဆိုသည်။

အဖမ်းခံရသည့် အကြောင်းအရင်းအပါအဝင် အသေးစိတ်အခြေအနေတို့ကို မသိရသေးပေ။

ကလိန်အောင်မြို့သည် ထားဝယ်-ရန်ကုန် ပြည်ထောင်စုလမ်းမပေါ်တွင်တည်ရှိပြီး ကလိန်အောင်တံတားတွင် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားသည်။