ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

၂၀၂၀ ခုနှစ်အတွင်း ထားဝယ်ခရိုင်တွင် မီးလောင်မှုနှစ်ဆယ်ကျော်

February 10, 2021

ပြီးခဲ့သည့်နှစ်က ထားဝယ်ခရိုင်အတွင်း မီးလောင်မှု ၂၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီး ဌာနထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် တစ်နှစ်တာ ကာလအတွင်း လောင်ကျွမ်းသည့်အကြိမ် ရေဖြစ်ပြီး ရှို့မီးကြောင့် လောင်ကျွမ်းမှု အများဆုံးဖြစ်ကြောင်း ယင်းဌာန မှတ်တမ်းအရ သိရသည်။

မီးလောင်မှုကြောင့် ဒုက္ခသည် ၉၃ ဦးရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ပေ။

ခရိုင်အတွင်း မြို့နယ်လေးခုရှိသည့်အနက် ထားဝယ်မြို့နယ်တွင် မီးလောင်မှု ၁၂ ကြိမ်ဖြင့် အများဆုံးဖြစ်ကာ ရေဖြူ မြို့နယ်တွင် လောင်ကျွမ်းခဲ့ခြင်းမရှိကြောင်း ယင်းဌာနထံမှ သိရသည်။

၂၀၁၉ ခုနှစ်တွင် မီးလောင်မှု ၂၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ် စာရင်းအရ သိရသည်။