ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

January 10, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • ထားဝယ်မြို့ပေါ်က တိုင်းအစိုးရရုံးအပါအဝင် နေရာအချို့ကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်
  • ကမြောကင်းတံတားမှာ ဒရုန်းဗုံးထိတဲ့ မိခင်ကခြေထောက်ဖြတ်ရမှာဖြစ်ပြီး သမီးက ဒဏ်ရာပြင်းထန်
  • သရက်ချောင်း ဒေသခံတွေကို စစ်အာဏာရှင်တပ်သားတွေက ခြိမ်းခြောက်ငွေတောင်း
  • လောင်းလုံး ကျေးရွာနှစ်ရွာရှိ နေအိမ်တွေကို စစ်အာဏာရှင်တပ်သားတွေ ဖောက်ထွင်းပြီးပစ္စည်းတွေယူဆောင်
  • ရေဖြူ ရာဖူးရွာမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်ကို ရေးဘီလူးနဲ့ KNLA တိုက်ခိုက်
  • ဘုတ်ပြင်း ဘိုဒါးရွာက စစ်အာဏာရှင်တပ်အထိုင်စခန်းကို တော်လှန်ရေးအင်အားစုတိုက်ခိုက်ရာ စခန်းစွန့်ထွက်ပြေးသွားလို့ဆို(လိုသုံး/ပိုလျော့)
  • ရွေးကောက်ပွဲအကြို့နေ့ ပြည်ကြီးမဏ္ဍိုင်မြို့ ရွှေဂဲညိုရွာမှာတိုက်ပွဲဖြစ်ပြီး စစ်သင်္ဘောက လက်နက်ကြီးနဲ့ပစ်တဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “အရှက်ပြေလောက်သာ လုပ်နိုင်တဲ့ စစ်ကော်မရှင်ရဲ့ တော်လှန်နယ်မြေက ရွေးကောက်ပွဲ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။