ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီရန်

မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကို ညဘက်ဖြတ်သန်းသွားလာခွင့်ပိတ်

December 9, 2025

ပုံစာ - တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ပြည်ထောင်စုလမ်းမတွင် ကားများစစ်ဆေးနေစဉ်(ပုံဟောင်း)

မြိတ်မြို့နယ်မှ ကော့သောင်းမြို့နယ်သို့သွားသည့် ပြည်ထောင်စုလမ်းမကြီးပိုင်းကို ညဘက်ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းတွင် စစ်အာဏာရှင်တပ် ထိုးစစ်ဆင်နေ၍ စစ်ရေးအရှိန်မြင့်လာနိုင်သဖြင့် ဒီဇင်ဘာလ ၈ရက်နေ့ ည ၆နာရီမှစ၍ ညဘက်ခရီးသွားလာခွင့်ကို ပိတ်လိုက်ခြင်းဖြစ်ကြောင်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ည ၆နာရီမှ နံနက် ၆နာရီအတွင်း အရေးပေါ် နာရေးကိစ္စများကြောင့် သွားလာပါက သက်ဆိုင်ရာ တော်လှန်‌ရေး အဖွဲ့စည်းများထံ ဆက်သွယ်အကြောင်းကြားပြီး ခွင့်ပြုချက်ရမှသာ သွားလာကြရန်၊ သွားလာပါကလည်း ကားများမှန်ချပြီးမှသာ သွားလာခွင့်ပြုကြောင်း ဆိုသည်။

အရေးပေါ်ကားကို စစ်အာဏာရှင်တပ်သားများသည် တော်လှန်ရေးအစကတည်းက အသုံးပြုပြီး သွားလာနေသဖြင့် တော်လှန်ရေးတပ်များထံသို့ အကြောင်းကြားပြီးမှ သွားရန် လိုအပ်ကြောင်းလည်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

နေ့ဘက်ဖြတ်သန်းသွားလာပါက ခရီသွားပြည်သူများသည် စစ်အာဏာရှင်ယာဥ်တန်းများနှင့် အနီးကပ်သွားလာခြင်းမပြုရန် တော်လှန်‌ရေးတပ်များ ရှောင်တခင်ဝင်စစ်ပါက စစ်ဆေးခံရန် ၎င်းက ဆိုသည်။

“အဓိက က တနင်္သာရီ-မြိတ်လမ်းပိုင်းကို အထူးသတိပြုပြီး သွားလာပေးကြပါ။ နေ့ဘက်တော့ သွားလာလို့ရတယ်။ ညဘက်ပဲ ပိတ်တာ။ ညပိုင်းဆိုရင်တော့ ယာဥ်မှန်သမျှ အားလုံးအကျုံးဝင်ပါတယ်” ဟု အထက်ပါ တာဝန်ခံက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သားများသည် မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တိုက်ပွဲဖြစ်ပွားနေသည့် သဲဖြူရွာရှိ စစ်အာဏာတပ်သားများထံသို့ မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းမကို အသုံးပြု၍ မကြာခဏ စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။