BREAKING
November 7, 2025

ပြည်ပြေးဆီးရီးယားသမ္မတ ရုရှားမှာ နိုင်ငံရေးခိုလှုံ

December 9, 2024

ပုံစာ - ရုရှားသမ္မတပူတင်နှင့် ဆီးရီးယား သမ္မတတို့ ၂၀၁၇ က တွေ့ဆုံစဉ်။ ဓာတ်ပုံ - NBC NNew

ဒမတ်စကတ်စ်မြို့ကို ဆန့်ကျင်သူတွေ သိမ်းပိုက်လိုက်ချိန် အာဏာရှင် သမ္မတ ဘာရှားအယ်လ်အာဆတ်က မိသားစုနှင့်အတူ ရုရှားကို ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ရုရှားအစိုးရပိုင် မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

“အာဆတ်နဲ့ သူ့မိသားစု မော်စကိုကို ရောက်နေပါတယ်။ လူသားချင်းစာနာတဲ့အနေနဲ့ ရုရှားအစိုးရက သူတို့ကို နိုင်ငံရေးခိုလှုံခွင့် ပေးထားပါတယ်”ဟု ရုရှားအစိုးရနှင့် နီးစပ်သူ သတင်းအရင်းအမြစ်တစ်ခုကို ကိုးကား၍ TASS သတင်းဌာနက ဖော်ပြထားသည်။

အာဆတ်မှာ ရုရှားနိုင်ငံ၏ အရှေ့အလယ်ပိုင်းဒေသ အခိုင်မာဆုံး မဟာမိတ်ဖြစ်ခဲ့ပြီး ဆီးရီးယားနိုင်ငံတွင်း ရုရှားလေတပ်အခြေစိုက်စခန်း၊ ရေတပ်စခန်းများ ခွင့်ပြုပေးခဲ့သလို အာဆတ်ကိုလည်း အနောက်နိုင်ငံများ၏ ဖိအားပေးမှုမှ ရုရှားက အကာအကွယ်ပေးခဲ့သည်။