BREAKING
May 11, 2025

ဆန်ဈေးတက်ပြီး ငါးဈေးအနည်းငယ်ကျနေသည့် ထားဝယ်ဈေးကွက်

December 9, 2022

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ် ဆန်ဈေးအနည်းငယ်တက်ပြီး ငါးဈေးအနည်းငယ်ကျလာသည်။

ဒီဇင်ဘာလ ၂ ရက်နေ့က အကယ်ဒမီဆန် အိတ်ကြီး တစ်အိတ်ကို ၅၂၅၀၀ ကျပ်ဈေးရှိရာမှ ယခု ဒီဇင်ဘာလ ၉ ရက်နေ့တွင် ၅၆၀၀ဝကျပ်ဖြင့် တစ်ပတ်အတွင်း ၃၅၀၀ ကျပ် ဈေးတက်သွားသည်။

ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၁၀၄၅၀၀ ကျပ်မှ ၁၀၅၅၀၀ ကျပ်သို့ ၁၀၀ဝကျပ် ဈေးတက်သွားခြင်း ဖြစ်သည်။

ထားဝယ်တွင် အများစားသုံးလေ့ရှိသည့် ပါတူးခေါ် အာဗြဲငါးမှာ ယခင်ပတ်က တစ်ပိဿာ ၃၅၀ဝကျပ် ဈေးရှိရာမှ ၃၀၀၀ ကျပ်သို့ ၅၀၀ ကျပ် ဈေးကျသွားသည်။

ပါးလန်းခေါ် ငါးလုံး ငါးအမျိုးစားမှာလည်း ယခင်ပတ်က တစ်ပိဿာ ၅၅၀၀ ကျပ်ရှိရာမှ ယခုပတ်တွင် တစ်ပိဿာ ၃၅၀၀ ကျပ်သို့ ၁၅၀၀ ကျပ်ဈေးကျသွားပြီး ငါးကွန်းရှပ်ငါးမှာမူ တစ်ပိဿာ ၁၈၀၀ဝကျပ်မှ ယခုပတ် ၁၄၀၀၀ ကျပ်သို့ ၄၀၀၀ ကျပ် ဈေးကျသွားခြင်းဖြစ်သည်။

သို့သော်ငါးဈေးကျသွားသော်လည်း ပုဇွန်ဈေးနှုန်းမှာ အမျိုးစားလိုက်၍ ယခင်ပတ်က ဈေးနှုန်းထက် ကျပ်တစ်ထောင်ကနေ ကျပ်ခြောက်ထောင်အထိ ဈေးတက်သွားသည်။

မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာ ကျပ်တစ်ရာခန့် ဈေးတက်နေပြီး ငရုတ်သီးခြောက်ဈေးနှုန်းမှာ တစ်ပိဿာ ကျပ်တစ်ထောင်ဝန်းကျင် ဈေးကျနေသည်။