BREAKING
October 18, 2025

တစ်ပတ်အတွင်း တနင်္သာရီသတင်း

August 9, 2025

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • ကားလမ်းပိတ်နေလို့ မြိတ်မှာ စားသောက်ကုန်တွေ ဈေးတက်နေတဲ့အကြောင်း
  • ကမြောကင်းတံတားမှာ လူငယ် ၁၁ ဦးကိုဖမ်းပြီး စစ်မှု‌ထမ်းဖို့ခေါ်သွားရာက နှစ်ဦးပြန်လွတ်တဲ့သတင်း
  • ပန်းတင်အင်းရွာမှာ စစ်ကောင်စီတပ်က နေအိမ် ၁၀ကျော်ကိုမီးရှို့ပြီး ဒေသခံ ၁၀ကျော်ကို ဖမ်းခေါ်သွားတဲ့ အခြေအနေ
  • ပုလောက တိုရွာမှာ ဆယ်ကျော်သက်နှစ်ဦး မိုင်းထိသေဆုံးတဲ့အကြောင်း
  • ကော့သောင်းမှာ WY စိတ်ကြွဆေး စျေးပေါပြီး ဝယ်ရလွယ်တဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တနင်္သာရီတိုင်းမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ များလာ”တဲ့အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။