BREAKING
October 18, 2025

ကော့စမွေက ဝါဆိုလပြည့်နေ့ စတုဒီသာအလှူ

July 9, 2025

ဓာတ်ပုံ - Dawei Watch

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရီးသွားကျွန်းဖြစ်သော ကော့စမွေကျွန်းမှ ဓမ္မဒီပအန်ကောကျောင်းတွင် ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် မြန်မာနိုင်ငံသားများ၏ စတုဒီသာအလှူပွဲကို ယနေ့ ဇူလိုင် ၉ ရက် ညနေ ၅ နာရီမှစတင်၍ ကျင်းပနေသည်။

ဘုန်းကြီးကျောင်းသို့ လာရောက်သော မြန်မာနိုင်ငံသားများအတွက် ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်နိုင်ရန် စီစဉ်ထားသည်ကို‌ တွေ့ရသည်။

လာရောက်သူများကိုလည်း စတုဒီသာမုန့်ဆိုင်ပေါင်း ၃၀ ကျော်ဖြင့် ကျွေးမွေးဧည့်ခံနေပြီး မုန့်ဈေးတန်းတွင် ကြာဆံချက်၊ ရေခဲမုန့်၊ ဒူးရင်းသီးမုန့်၊ အသီး၊ ကြက်ကြော်၊ ချဉ်ပေါင်း၊ ဖာလူဒါ၊ နွားနို့မလိုင်၊ အအေးများနှင့် မုန့်အချိုများစွာ ပါဝင်သည်။

ကော့စမွေကျွန်းသည် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများစွာ ရှိနေသဖြင့် မြန်မာအလုပ်သမားများစွာ လာရောက်လုပ်ကိုင်လျက်ရှိသော ကျွန်းဖြစ်သည်။