မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ကလွင်စုံခေါင်းရပ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့ ဇွန်လ ၉ရက် နံနက် ၅နာရီခွဲခန့်တွင် ဖခင်ဖြစ်သူက သားဖြစ်သူကို အိမ်ထဲတွင် မတွေ့သဖြင့် လိုက်လံရှာဖွေရာ
ရွှေပါရမီကျောင်း အရှေ့ရှိ ပေါင်းကူးတံတားတွင် သေဆုံးနေသည်ကို တွေ့ရှိကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သေဆုံးသူမှာ အသက် ၂၉နှစ်အရွယ် ကိုပြည်စုံစိုး (ခေါ် ) ကိုဝတုတ်ဖြစ်ကြောင်း ၎င်း၏ သူငယ်ချင်းတစ်ဦးက ပြောဆိုသည်။
မည်သည့်အကြောင်းအရင်းကြောင့် ကြိုးဆွဲချသေဆုံးသည်ကိုမူ မသိရသေးပေ။
သေဆုံးသူအမျိုးသား၏အလောင်းကို စစ်ကောင်စီတပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။