BREAKING
June 9, 2025

ဒေးဗစ်ဘက်ခမ်းကို ဆာဘွဲ့ ချီးမြှင့်မယ်

June 9, 2025

အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းကို အခုသီတင်းပတ်ထဲမှာ ဆာဘွဲ့ ချီးမြှင့်တော့မယ်လို့ သိရှိရပါတယ်။

ချားလ်စ်ဘုရင် ၃ ဟာ ဒေးဗစ်ဘက်ခမ်း ကို သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုနဲ့ ပရဟိတလုပ်ငန်းလုပ်ဆောင်မှုတွေအပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ ဆာဘွဲ့ ချီးမြှင့်ပေးအပ်မှာဖြစ်ပါတယ်။

အခွန်ရေးရာပြဿနာတွေကို ဖြေရှင်းနေရတာကြောင့် အချိန်နောက်ဆုတ်လိုက်ရတဲ့ ဘုရင့်မွေးနေ့တော် ဂုဏ်ပြုပွဲကို အခုသီတင်းပတ်ထဲမှာ ကျင်းပဖို့ ရှိနေပါတယ်။

ဘုရင့်မွေးနေ့တော် ဂုဏ်ပြုစာရင်းထဲမှာ ဒေးဗစ်ဘက်ခမ်းကို သူကောင်းဘွဲ့ ချီးမြှင့်ဖို့ရှိနေပြီး ဒေးဗစ်ဘက်ခမ်းဟာ ဆာဘွဲ့ ရရှိမှာဖြစ်ပါတယ်။

ဆုလက်ခံရယူပြီးရင် ဒေးဗစ်ဘက်ခမ်း ဟာ ဆာဒေးဗစ်ဘက်ခမ်း ဖြစ်လာတော့မှာဖြစ်ပြီး ဒေးဗစ်ဘက်ခမ်းရဲ့ဇနီးသည် ဗစ်တိုးရီးယားကတော့ လေဒီဘက်ခမ်းလို့ ဖြစ်လာတော့မှာဖြစ်ပါတယ်။

Source – Kuwait Times