BREAKING
June 9, 2025

လာမယ့်သောကြာ ONE ပွဲမှာ မြန်မာဖိုက်တာ ၃ ဦးအထိ ပွဲတည်ပေးထား

June 9, 2025

လာမယ့်သောကြာနေ့(ဇွန်လ ၁၃ ရက်)မှာ ယှဉ်ပြိုင်ထိုးသတ်ကြမယ့် ONE Friday Fights 112 ပြိုင်ပွဲကြီးအတွက် ပွဲစဉ်တွဲဆိုင်းအပြည့်အစုံကို ထုတ်ပြန်ပေးလိုက်ချိန်မှာ မြန်မာဖိုက်တာ ၃ ယောက်တောင် ပါဝင်လာခဲ့တာကို မြင်တွေ့ရပါတယ်။

ဆက်ခ်ဆန်ရဲ့ ညီ ခန်းပွန်နွိုင်းနဲ့ ထိုးရမယ့်သူက မြန်မာဖိုက်တာ မိုးထက်အောင် ပါ။ ဒီပွဲဟာ ခန်းပွန်နွိုင်းအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းတန် စာချုပ်ကြီး ရနိုင်ခွင့်အတွက် လမ်းပွင့်နိုင်ခြေရှိနေတာကြောင့် ဒါကို မိုးထက်အောင်က ဟန့်တားနိုင်လေမလားဆိုတာကို စောင့်ကြည့်ကြရမှာပါ။

သွေးလင်းထက် ကိုတော့ ဒုခေါင်ပွဲစဉ် တည်ပေးထားတဲ့အတွက် ဒီပွဲမှာ ရလဒ်ကောင်းခဲ့ရင် ‌သွေးလင်းထက် ဟာ အမေရိကန်ဒေါ်လာတစ်သိန်းတန် စာချုပ်ကြီးကို စိတ်ကူးယဉ်ခွင့်ရလာဖို့ ရှိနေပါတယ်။

သွေးလင်းထက် ဟာ ဒုခေါင်ပွဲစဉ်အဖြစ် ထိုင်းဖိုက်တာ ခရစ်ပက်ချ်နဲ့ ထိုးရပါလိမ့်မယ်။

ONE ဆီကို အသစ်ရောက်လာတဲ့ မြန်မာဖိုက်တာတစ်ယောက်ကတော့ စောမင်းမင်း ပါပဲ။ စောမင်းမင်း ကိုတော့ ဩစတြေးလျဖိုက်တာ ဂျော့ရှ် နဲ့ ပွဲတည်ပေးထားတာကို မြင်တွေ့ရပါတယ်။ ‌

မြန်မာဖိုက်တာ ၃ ယောက်လုံးဟာ ရလဒ်ကောင်းတွေနဲ့အတူ ONE Friday Fights 112 ပြိုင်ပွဲကြီးမှာ မျက်နှာပန်းလှပနိုင်ကြလေမလားဆိုတာက စိတ်ဝင်စားစရာပါပဲ။

စောမင်းမင်းနဲ့ ဂျော့ရှ်တို့က စတုတ္ထမြောက်တွဲဆိုင်း၊ ခန်းပွန်နွိုင်းနဲ့ မိုးထက်အောင်တို့က ဆဌမမြောက်တွဲဆိုင်း၊ သွေးလင်းထက်နဲ့ ခရစ်ပက်ချ်တို့က ၁၁ ပွဲမြောက် တွဲဆိုင်းအဖြစ် ထိုးရပါလိမ့်မယ်။

မြန်မာဖိုက်တာ သုံးယောက်လုံးဟာ သူတို့ရဲ့ပွဲစဉ်တွေကို အပြာထောင့်တွေကနေ ထိုးကြရလိမ့်မယ်လို့ သိရှိရပါတယ်။

Source : ONE Championship