BREAKING
May 9, 2025

ပေါ်တူဂီ ယူ-၁၅ အသင်း လက်ရွေးစင်အဖြစ် စီရော်နယ်ဒို၏သား ရွေးချယ်ခံရ

May 9, 2025

စီရော်နယ်ဒို၏သားကြီးဖြစ်သူ ခရစ္စတီယာနို ဂျူနီယာ သည် ပေါ်တူဂီ ယူ-၁၅ လက်ရွေးစင်အသင်းအတွက် လက်ရွေးစင်ကစားသမားအဖြစ် ရွေးချယ်ခံလိုက်ရပြီဖြစ်ကြောင်း FootyRoom က ဖော်ပြထားသည်။

စီရော်နယ်ဒို၏သားကြီးဖြစ်သူသည် လက်ရှိတွင် အယ်လ်နတ်စ်ဆာလူငယ်အသင်းတွင် ခြေစွမ်းပြ ကစားနေပြီး ခရစ္စတီယာနို ဂျူနီယာ၏ရည်ရွယ်ချက်မှာ တစ်နေ့နေ့တွင် ဖခင်ဖြစ်သူနှင့်တွဲဖက်၍ ပွဲကစားခွင့်ရနိုင်ရန်ဖြစ်သည်။

ပေါ်တူဂီ ယူ-၁၅ အသင်းသည် လာမည့်သီတင်းပတ်အတွင်း၌ ခရိုအေးရှား ယူ-၁၅ အသင်းနှင့် ကစားရလိမ့်မည်ဖြစ်ပြီး ယင်းပွဲစဉ်အတွက် စီရော်နယ်ဒို၏သားကြီးဖြစ်သူကို ပေါ်တူဂီ ယူ-၁၅ လက်ရွေးစင်အသင်းနည်းပြက အသင်းအတွက် ခေါ်ယူလိုက်ခြင်းဖြစ်သည်။

စီရော်နယ်ဒို၏သားကြီးဖြစ်သူသည် ဖခင်နှင့်ပူးတွဲ၍ လေ့ကျင့်ရေးများ ကြိုးစားလုပ်ဆောင်နေသူဖြစ်ပြီး ခရစ္စတီယာနို ဂျူနီယာမှာ ကစားအားကောင်းမွန်သော်လည်း ဖခင်ခြေရာကို နင်းနိုင်ရန် လိုအပ်ချက်များရှိနေဆဲဖြစ်သည်ဟု သုံးသပ်ခံထားရသည်။

Source – FootyRoom