BREAKING
May 9, 2025

ထိုင်း-မြန်မာနယ်စပ် ထီးခီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်

May 9, 2025

စစ်ကောင်စီ၏ အခိုင်အမာတပ်စခန်းတစ်ခုဖြစ်သော တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် ထီးခီးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့(မေ ၉) မနက် ၉ နာရီခန့်တွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကနဦးရရှိသည့် သတင်းများအရသိရသည်။

ယင်းထီးခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဧပြီလနှောင်းပိုင်းမှစတင်ကာ ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့နံနက်တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ထီးခီးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။

လက်ရှိတွင်နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲဖြစ်သည့်အတွက် သုံ့ပန်းဖမ်းမိမှုအခြေအနေနှင့် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ထီးထဗျူဟာစခန်းကုန်းကို KNLA နှင့် ပူးပေါင်းတပ်များ က ဧပြီ ၁၉ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယင်းစခန်းနှင့် ၅ မိုင်ကျော်သာဝေးသည့် ထီးခီးနယ်စပ်စခန်းကို ဆက်လက်သိမ်းပိုက်နိုင်ရန် ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။