ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Move Forward ပါတီဝင်ဟောင်း ၄၄ ဦးကို တော်ဝင်ဥပဒေပြင်ဆင်ရန်ကြိုးပမ်းမှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်

February 9, 2026

Move Forward ပါတီဝင်ဟောင်း ၄၄ ဦးကို တော်ဝင်ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် ကြိုးပမ်းမှုဖြင့် အပြစ်ရှိကြောင်း အကျင့်ဖျက်ချစားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) က ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကြေညာသည်။

Move Forward ပါတီဝင်ဟောင်း ၄၄ ဦးတွင် လက်ရှိ ရွေးကောက်ပွဲဝင်နေသော ပြည်သူ့ပါတီ (People’s Party) ခေါင်းဆောင် နတ္တဖွန် ရွမ်ပန်ရာဝတ်လည်းပါဝင်သလို ပါတီအကြီးပိုင်းက ၂၅ ဦးအထိ ပါဝင်နေသည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲတွင် တော်ဝင်ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေး မဲဆွယ်စည်းရုံးဟောပြောမှုဖြင့် Move Forward ပါတီဝင်ဟောင်း ၄၄ ဦးကို အကျင့်ဖျက်ချစားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးနေခြင်းဖြစ်ပြီး ယနေ့ အစည်းအဝေးတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။

ယင်းဆုံးဖြတ်ကို တရားရုံးသို့ ပေးပို့ထားပြီးဖြစ်ကြောင်း ဖော်ပြသည်။

အကယ်၍ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချပါက ပါတီဝင်ဟောင်းများသည် လက်ရှိနိုင်ငံရေးပါတီမှ နုတ်ထွက်ရနိုင်ပြီး နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံရနိုင်သည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ်က တော်ဝင်ဥပဒေပုဒ်မကို ပြင်ဆင်ရန် မဲဆွယ်စည်းရုံးခဲ့သော Move Forward ပါတီကို ဖျက်သိမ်းခဲ့သလို ပါတီခေါင်းဆောင် ပီတာအပါအဝင် ဦးဆောင်သူ ၁၁ ဦးကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် ပိတ်ပင်ခဲ့သည်။

Ref: Khaosod English, Thai Enquirer