ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

"စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့၊ စစ်တပ်ထုတ်ကုန် သပိတ်မှောက်စို့"

December 8, 2021

လောင်းလုံးမြို့နယ်တွင် ဒီဇင်ဘာလ ၈ရက် နံနက်ပိုင်းက လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် လူငယ်များက ‘စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့၊ စစ်တပ်ထုတ်ကုန် သပိတ်မှောက်စို့’ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

စစ်တပ်ထုတ်ကုန်များ ဝယ်ယူသုံးစွဲခြင်းမပြုရေး ကိုလည်းစည်းရုံးလှုံ့ဆော်ခဲ့သည်။