ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
• တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ရွေးကောက်ပွဲဝင်ပြိုင်လို့ အသစ်ခန့်
• တနင်္သာရီတိုင်းက မဲဆန္ဒနယ်အချို့မှာ ကြံ့ခိုင်ရေးက မပြိုင်ခင်ကနိုင်
• လောင်းလုံး မောင်းမကန်နယ်မြေစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်မီးရှို့
• ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်အာဏာရှင်တပ်က ဒေသခံအချို့ကိုဖမ်းဆီးငွေညှစ်
• လောင်းလုံးမြို့ပေါ်ကို စစ်အာဏာရှင်တပ်သားတစ်ရာကျော် အင်အားဖြည့်
• သရက်ချောင်း လဘရွာက နေအိမ် ၄၀ လောက်ကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး
• ကော့သောင်းမြို့ခံ အသက် ၁၂၁ နှစ်အရွယ်အဘွား မြန်မာ့အသက်ကြီးဆုံးအဖြစ် ရွေးချယ်ခံရ
• ကထိန်အလှူလုပ်နေချိန် စစ်အာဏာရှင်တပ်က တိုက်လေယာဉ်နဲ့ဗုံးကြဲ
• ခဲလုပ်ကွက်တွေကြောင့် တနင်္သာရီမြစ်မှာ ရေချိုပုစွန်ရှားပါးလာစတဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။





