BREAKING
December 3, 2025

ရွေးကောက်ပွဲ တစ်နှစ်ပြည့် တနင်္သာရီ

November 8, 2021

ခေတ်သစ်မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ အဆင့်တစ်ဆင့် ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဒီနေ့ တစ်နှစ်ပြည့်ပါပြီ။

ဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အစိုးရ ဖွဲ့နိုင်တဲ့အထိ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာလည်း လွှတ်တော် နေရာ ၄၃ နေရာစလုံး ရာနှုန်းပြည့် အနိုင်ရခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးအကြား တနင်္သာရီတိုင်းမှာ မဲပေးသူ ရာခိုင်နှုန်း ၆၆.၅ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲရလဒ် ကို မျက်ကွယ်ပြုပြီး စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။ အဲဒီနောက် ကိုးလကျော်အကြာအတွင်း အမျိုးမျိုးသော အာဏာသိမ်းဆန့်ကျင်မှုတွေ နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေဆဲပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကလည်း ၂၀၂၀ ရွေးကောက်ပွဲအပြီး တစ်နှစ်အကြာ မရေရာမှုတွေနဲ့ ဆက်သွားနေရဆဲပါ။

အဲဒီအကြောင်း ရုပ်သံကို Dawei Watch ရဲ့ Youtube တွင် ဝင်ကြည့်နိုင်ပါတယ်။

No related posts found.