UFC 313 ပြိုင်ပွဲကြီးမှာ မြန်မာပရိသ၊တ်တွေ စိတ်အဝင်စားဆုံးဖြစ်နေခဲ့တာက ချင်းဖိုက်တာလေး ဂျိုရှူအာဗန်ရဲ့ ပွဲစဉ်ပါပဲ။
ဂျိုရှူအာဗန် ဟာ ဘရာဇီးဖိုက်တာ ဘရူနိုဆေးလ်ဗားနဲ့ ဖလိုင်းဝိတ်တန်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရတာပါ။
ဒီပွဲမှာ ဂျိုရှူအာဗန်က ပွဲအစ ပထမအချီကနေ တတိယအချီကိုရောက်တဲ့အထိ အသာစီးကနေ ထိုးပြသွားခဲ့ပါတယ်။
အထူးသဖြင့် ဂျိုရှူအာဗန်ရဲ့ Kickboxing လက်သီးတွဲလုံးတွေဟာ တစ်ပွဲထက်တစ်ပွဲ အရမ်းကို တိုးတက်လာတာ အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။
ဂျိုရှူအာဗန်ရဲ့ အားပါပြင်းထန်လှတဲ့ ထောက်လက်သီးချက်တွေ ထိမှန်ပြီး ပထမပွဲချီကတည်းက ဘရူနိုဆေးလ်ဗားရဲ့မျက်နှာဟာ ဖူးယောင်သွားခဲ့တာပါ။

တတိယပွဲချီမှာတော့ ဘရူနိုဆေးလ်ဗားကို အမှောက်သိပ်ပြီး ဂျိုရှူအာဗန်က အလဲထိုးနိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။
အခုနိုင်ပွဲကြောင့် ဂျိုရှူအာဗန်ဟာ ၂၀၂၅ ခုနှစ်ထဲမှာ ထိုးတဲ့နှစ်ပွဲလုံး အနိုင်ရပြီး နောက်ဆုံး ၄ ပွဲဆက် အနိုင်ရရှိတဲ့မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်ရရှိသွားခဲ့ပါပြီ။
အခုလို စွမ်းဆောင်ရည်ကြောင့် ဂျိုရှူအာဗန်ရဲ့ Ranking ရပ်တည်မှု အခုထက်ပိုမြင့်တက်လာဖွယ်ရှိနေပြီး ထိုးကြေးအကျိုးခံစားခွင့်လည်း တိုးမြင့်ရလာနိုင်ဖွယ်ရှိနေပါတယ်။
ဂျိုရှူအာဗန်ဟာ လက်ရှိစွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ချန်ပီယံရွှေခါးပတ်စိန်ခေါ်ခွင့် လမ်းကြောင်းထဲဆီ ဒီနှစ်ထဲမှာ ရောက်လာနိုင်ဖွယ်လည်း ရှိလို့နေပါတယ်။
Source – ESPN