လောင်းလုံးမြို့တွင် စစ်အာဏာရှင်တပ် လှည့်ကင်းကို ကားဖြင့်တိုက်မိသဖြင့် ပစ်ခတ်ဖမ်းဆီးခံရသည့် ဆရာတော် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
လောင်းလုံးမြို့နယ်၊ အင်းဇောက်တိုက်ကျောင်း ဆရာတော်သည် ကျေးရွာတစ်ရွာသို့ အာရုဏ်ဆွမ်းစားကြွရန် ဧပြီလ ၄ရက် နံနက်က ကားကို ကိုယ်တိုင်မောင်းနှင်လာစဉ် လောင်းလုံးဆေးရုံအနီးတွင် ကင်းလှည့်စစ်ကြောင်းနှင့်တိုက်မိရာ စစ်အာဏာရှင်တပ်က ကားကို သေနတ်ဖြင့်ပစ်ခတ်ကာ ဆရာတော်ကို ဖမ်းဆီးခဲ့သည်။
ဆရာတော်ကို လောင်းလုံးမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီးနောက် ဒဏ်ရာရရှိသည့် စစ်အာဏာရှင်တပ်သားများကို ဆေးကုရန်ဆိုပြီး ငွေကြေးတောင်းယူညှိနှိုင်းကာ ဧပြီလ ၅ရက် နံနက်ပိုင်းတွင် ပြန်လွှတ်လိုက်ကြောင်း ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။
“နောက်တစ်နေ့ မနက်မှာပဲ ပြန်လွတ်လာတယ်။ သိန်းတစ်ရာနီးနီးလောက် ပေးလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။
ကားကိုမူ ကနဦးသိမ်းထားခဲ့ပြီး ဧပြီလ ၇ရက် ညနေပိုင်းတွင် ပြန်ပေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။
ပစ်ခတ်ဖမ်းဆီးခံရစဉ်က ဆရာတော်တွင် ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။







