ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်-အမေရိကန် နှစ်ပတ်ကြာ အပစ်ရပ်ရေး သဘောတူညီအပြီး ကမ္ဘာ့ရေနံဈေး ကျဆင်းလာ

April 8, 2026

နှစ်ပတ်ကြာ ပစ်ခတ်မှု ရပ်ဆိုင်းထားမည်ကို အီရန်-အမေရိကန် နှစ်ဖက်စလုံးကို သဘောတူလိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးသည် ဒေါ်လာ ၁၀၀ အောက်သို့ ကျဆင်းသွားပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။

ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမည်ဆိုပါက အီရန်-အမေရိကန် နှစ်ပတ်ကြာ အပစ်ရပ်ရေး အဆိုပြုချက်ကို သ‌ဘောတူမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။

အီရန်နိုင်ငံကို တိုက်ခိုက်မှုများ ရပ်တန့်မည်ဆိုပါက အပစ်ရပ်ရေးကို သဘောတူမည်ဖြစ်ကြောင်း အီရန်ဘက်ကလည်း ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အပစ်ရပ်စဲရေး နှစ်ပတ်တာကာလတွင် သင်္ဘောများသည် အီရန်တပ်ဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပါက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့်ပေးမည်ဖြစ်ကြောင်း အီရန်ဘက်က ပြောသည်။

နှစ်နိုင်ငံ အပစ်အခတ် ရပ်စဲရေး သဘောတူညီကြောင်း ထုတ်ပြန်ချက်များအပြီး ကမ္ဘာ့ရေနံဈေးသည် ဒေါ်လာ ၁၀၀ အောက်သို့ ကျဆင်းသွားကာ အမေရိကန်ဈေးကွက်တွင် ရေနံတစ်စည်လျှင် ၉၆ ဒေါ်လာခန့်ဖြစ်လာခဲ့သည်။

သို့သော်လည်း စစ်ပွဲမစမီကာလဖြစ်သော ရေနံတစ်စည်လျှင် ဒေါ်လာ ၇၀ သို့ ရောက်ရှိရန် အပစ်ရပ်စဲရေး အခြေအနေအားလုံးကို စောင့်ကြည့်ရအုံးမည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: BBC, Aljazeera, NBC