ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆန်ချောဈေးတက်ပြီး ကြက်သွန်ဖြူ၊ အာလူးဈေးကျသည့် ထားဝယ်ဈေးကွက်

June 7, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ချောဈေးတက်ပြီး ကြက်သွန်ဖြူနှင့် အာလူး ဈေးကျသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်သီတင်းပတ် မေလ ၃၁ ရက်တွင် ဆန်ချောအမျိုးအစားများဖြစ်သည့် ရွှေဘိုပေါ်ဆန်း (စင်္ကြာမင်း) တံဆိပ် ဆန်ချော တစ်အိတ်လျှင် ၁၉၀၅၀၀ကျပ်မှ ဇွန်လ ၇ ရက်တွင် ၁၉၃၅၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (အောင်သီဟ) တစ်အိတ်လျှင် ၁၉၅၀၀၀ကျပ်မှ ၂၀၂၀၀၀ကျပ်သို့ ဈေးတက်သွားခြင်းဖြစ်သည်။

တစ်ပတ်အတွင်း ဆန်ချောတစ်အိတ်လျှင် အမျိုးအစားပေါ်မူတည်ကာ ၃၀၀၀ကျပ်မှ ၇၀၀၀ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။

ကြက်သွန်ဖြူနှင့် အာလူးမှာမူ ယခုသီတင်းပတ်အတွင်း ဈေးကျလာသည်။

ပြီးခဲ့သည့် သီတင်းပတ် မေလ ၃၁ ရက်တွင် ကြက်သွန်ဖြူထူး ၅ အမျိုးအစားတစ်ပိဿာ ၁၁၀၀၀ကျပ်မှ ဇွန်လ ၇ ရက်တွင် ၁၀၅၀၀ကျပ်၊ကြက်သွန်ဖြူ (ကြူကုတ်) မှာ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ အာလူးတစ်ပိဿာ ၄၅၀၀ကျပ်မှ ၄၀၀၀ကျပ်သို့ ဈေးကျသွားသည်။

ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သွန်ဖြူထူး၅ အမျိုးအစားတစ်ပိဿာ ၅၀၀ကျပ်နှင့် ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာ ၂၀၀၀ကျပ်၊ အာလူးတစ်ပိဿာ ၅၀၀ကျပ် အသီးသီးဈေးကျသွားသည်ကို တွေ့ရသည်။

ဆန်ကြမ်းနှင့် ကြက်သွန်နီဈေးနှုန်းများမှာမူ ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကိုတွေ့ရသည်။