BREAKING
June 7, 2025

မြန်မာတွေဝင်နွှဲတဲ့ ထိုင်းတောင်ပိုင်းက LGBTQ+ များ၏ အထိမ်းအမှတ်ပွဲ

June 7, 2025

ဓာတ်ပုံ - Dawei Watch

ထိုင်းတောင်ပိုင်း စူရတ်ဌာနီတွင် LGBTQ+ များစုပေါင်းပြီး ချီတက်လမ်းလျှောက်ပွဲကို ယနေ့ ဇွန် ၇ရက် ညနေပိုင်းတွင် ကျင်းပသည်။

အဆိုပါပွဲတော်တွင် မြန်မာနှင့် ထားဝယ်ဒေသခံများလည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။ စူရတ်ဌာနီမြို့အတွင်း လမ်းလျှောက်လှည့်လည်ကြပြီးနောက် ကမ်းနားလမ်းရှိ နာရီစင်အနီးတွင် ရပ်နားခဲ့ကြသည်။

ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာက LGBTQ+ များနှင့် ထောက်ခံသူများသည် ဇွန်လတစ်လျှောက်လုံးကို LGBTQ+ အထိမ်းအမှတ်လ (Pride Month) အဖြစ် ဆင်နွှဲလေ့ရှိသည်။