BREAKING
June 7, 2025

ထားဝယ်တွင် ရေမြောင်းထဲ အမျိုးသားအလောင်းတွေ့

June 7, 2025

ဓာတ်ပုံ - ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့-ထားဝယ်

ထားဝယ်မြို့ ပေါ်တွင် ဇွန်လ ၆ ရက် နံနက်ပိုင်းက ရေမြောင်းထဲ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း အလောင်းကို ဆယ်ယူရာတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် မြို့ခံများထံမှ သိရသည်။

ကြက်စားပြင်ရပ်ကွက်၊ စောမိညိုဘုန်းကြီးကျောင်းအနီးရှိ ရေမြောင်းအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ရထားလမ်းနဲ့ ‌လယ်ကွင်းတွေကြားက မြောင်းထဲမှတွေ့တာပါ။ အလောင်းက ပုပ်ပွနေပြီ။ ပြင်ပ ဒဏ်ရာတော့ မတွေ့ရဘူး” ဟု ၎င်းက ဆိုသည်။

သေဆုံးသူသည် ကြက်စားပြင်ရပ်ကွက် တွင်နေထိုင်သည့် အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ် ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

အဆိုပါအမျိုးသား ပျောက်ဆုံးနေသည်မှာ ၁၀ ရက်ခန့်ရှိပြီဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုသည်။

ပြင်ပဒဏ်ရာမတွေ့သဖြင့် ရေနစ်သေဆုံးခြင်းဖြစ်နိုင်သည်ဟု မြို့ခံအချိုက ပြောဆိုကြသည်။ သို့သော် သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍မူ သေသေချာချာ မသိရသေးပေ။

ရုပ်အလောင်းကို ဆေးရုံသို့ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ‌သယ်ဆောင်သွားကြောင်း မြို့ခံများက ဆိုသည်။