ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ-မောတောင်လမ်းပိုင်းတွင် အင်အားဖြည့်ရန်လာသည့် စစ်အာဏာရှင်တပ်ကို တိုက်ခိုက်

April 7, 2026

Photo - ပုံဟောင်း

မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ အင်အားဖြည့်တင်းရန်လာသည့် စစ်အာဏာရှင်တပ်ကို တနင်္သာရီမြို့နယ် သိန်ခွန်းနှင့် ချောင်းနှစ်ပေါက်ကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများက ပြောသည်။

ဧပြီလ ၆ရက်နေ့တွင် မြိတ်မြို့ ကြေးနန်းတိုင်ရွာမှ တနင်္သာရီမြို့နယ် ကမ်းမလိုင်းရွာအထိ စစ်အာဏာရှင်တပ်သားများ လမ်းကင်းများ ယူထားပြီးနောက် ကားလေးစီးဖြင့် အင်အားဖြည့်တင်းရန် လာကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဧပြီလ ၇ရက် နံနက်စောစောတွင် အဆိုပါစစ်အာဏာရှင်တပ်ကို တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာနှင့် ချောင်းနှစ်ပေါက်ကျေးရွာကြားတွင် တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောဆို သည်။

“မိုင်းခွဲလိုက်တာ ချောင်းနှစ်ပေါက်မှာ ကားတစ်စီး ရပ်တန့်သွားပြီး သိန်ခွန်းမှာက နှစ်စီးရပ်တန့်သွားတယ်” ဟု အထက်ပါ နီးစပ်သူက ပြောသည်။

ဒေသခံတစ်ဦးကလည်း စစ်အာဏာရှင်တပ် သိန်ခွန်းနှင့် ချောင်းနှစ်ပေါက်ကျေးရွာရှိ စစ်အာဏာရှင်တပ်များထံသို့ စစ်အင်အားဖြည့်တင်းလာပြီးနောက် တိုက်ပွဲဖြစ်နေကြောင်း ပြောဆိုသည်။

“တိုက်ပွဲတွေ ကြမ်းနေတယ်” ဟု ၎င်းက ယနေ့ ဧပြီလ ၇ရက် နံနက် ၁၀ နာရီခန့်တွင် ပြောသည်။

သိန်ခွန်းရွာတွင် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများ မကြာခဏဆိုသလို တိုက်ပွဲဖြစ်လေ့ ရှိသည်။

သိန်ခွန်းနှင့် ချောင်းနှစ်ပေါက်ကျေးရွာတို့သည့် တနင်္သာရီမြို့မှ မောတောင်မြို့သို့ သွားရာလမ်းပိုင်းတွင် တည်ရှိသည့် ကျေးရွာများဖြစ်သည်။