ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

March 7, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာမှာတိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ်ကလေယာဉ်နဲ့ဗုံးကြဲ
  • ဒေသထွက်ကုန်အဝင်နည်းလို့ ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းအချို့ လည်ပတ်ဖို့ခက်ခဲ
  • သရက်ချောင်းမှာ စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးနေတဲ့ ရော်ဘာတောထဲအရပ်သားခုနစ်ဦး ပစ်သတ်ခံရ
  • လောင်းလုံးမှာ အသက်မပြည့်သေးတဲ့ ပြည်သူ့စစ်တစ်ဦး ဖမ်းမိ
  • ပလမှာ ရိတ်သိမ်းပြီးစပါးတွေကို စစ်အာဏာရှင်တပ်ကမီးရှို့လို့ စစ်ဘေးရှောင်တွေစားနပ်ရိက္ခာပိုအခက်တွေ့
  • ပုလော ကြဲရွာသားတွေပိုင်ဆိုင်တဲ့ ‌ရော်ဘာပင်တွေကို စစ်အာဏာရှင်တပ်ကခုတ်လှဲရောင်းချ
  • တနင်္သာရီမှာ တိုက်ပွဲမဖြစ်ဘဲ စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်တဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ်  “ဖုန်း၊အင်တာနက် ဖြတ်တောက်ထားပြီး ရက်ပေါင်းများစွာ ဗုံးကြဲခံနေရတဲ့ သရက်ချောင်း”  အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။