ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကြက်သွန်နီနှင့် ငရုတ်သီးအခြောက်ဈေးတက်သည့် ထားဝယ်ဈေးကွက်

February 7, 2026

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီနှင့် ငရုတ်သီးအခြောက် ဈေးတက်နေသည်။

ပြီးခဲ့သည့် သီတင်းပတ် ဖေဖော်ဝါရီ ၁ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၃၅၀၀ကျပ်စျေးရှိရာမှ ဖေဖော်ဝါရီ ၇ ရက်တွင် ၃၇၀၀ ကျပ်၊ ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာ ၂၀၅၀၀ ကျပ်မှ ၂၁၀၀၀ကျပ်သို့ အသီးသီး ဈေးတက်သွားသည်။

ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် နှစ်ရာကျပ်၊ ရွှေအပ်ငရုတ်သီးအခြောက်တစ်ပိဿာလျှင် ငါးရာကျပ် ဈေးတက်သွားသည်။

ဆီနှင့် အခြားစားဖိုဆောင်သီးနှံအချို့မှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်လျက်ရှိသည်။

အာလူးမှာမူ ယခုသီတင်းပတ်အတွင်း တစ်ပိဿာလျှင် ငါးရာကျပ် ဈေးပြန်ကျလာသည်။

ဖေဖော်ဝါရီလ ၁ ရက်က ထားဝယ်ဈေးကွက်တွင် အာလူးတစ်ပိဿာ ၆၅၀၀ကျပ်စျေးရှိရာမှ ဖေဖော်ဝါရီ ၇ ရက်တွင်မူ ၆၀၀၀ ကျပ်သို့ ဈေးကျသွားသည်။