ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

February 7, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • ပလမြို့ရှိ နေအိမ်တွေကို စစ်အာဏာရှင်တပ်က နှစ်ရက်ဆက်မီးရှို့ဖျက်ဆီး
  • ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမှတ် ၈၀၀၂ တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်း
  • စစ်အာဏာရှင်တပ်က ခြေနင်းမိုင်းတွေထောင်ထားလို့ တနင်္သာရီက ဒေသခံတွေစိုးရိမ်
  • လောင်းလုံး ညင်းမော်ရွာအနီး တိုက်ပွဲဖြစ်
  • စစ်အာဏာရှင်တပ်က လောင်းလုံး ခမောင်းတောင်ရွာရှိ နေအိမ်တွေကပစ္စည်းတွေခိုးယူ
  • ထားဝယ်က ဖောင်းတောရွာကို တိုက်လေယာဉ်နဲ့ဗုံးကြဲလို့ ခရစ္စယာန်အသင်းတော် အဆောက်အအုံပျက်စီး
  • ရင်ခုန်သံ သွေးနဲ့အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ ကူညီတာတွေ ပြန်စမယ့်သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “ဖွဲမီးလို တမြေ့မြေ့လောင်ကျွမ်းခံနေရတဲ့ ကော့သောင်း” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။