BREAKING
November 11, 2025

ထားဝယ်တွင် မီးသတ်အရေးပေါ်ဖုန်းများ ခေါ်ဆိုမရ၊ နံပါတ်သစ်ထုတ်ပြန်

February 7, 2023

ထားဝယ်မြို့နယ် မီးသတ်စခန်းတွင် တပ်ဆင်ထားသည့် ဖုန်းလိုင်းများပြတ်တောက်နေသည့်အတွက်ထားဝယ်ခရိုင်အတွင်း မီးလောင်ပါက ၀၉ ၆၉၆၁၉၁၁၉၁ သို့‌ အရေးပေါ်ဆက်သွယ်ခေါ်ဆိုရန် ထားဝယ်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ်များဖြစ်သော ၁၉၁ အပါအဝင် ၀၅၉၂၁၀၁၇နှင့် ၀၅၉ ၂၃၄၄၈ တို့ ဆက်သွယ်ရေးပြတ်တောက်နေသောကြောင့် ခေါ်ဆိုမရဖြစ်နေကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ထားဝယ်ခရိုင်အတွင်း မီးလောင်မှုများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဖြစ်ပွားပေါ်ပေါက်လာပါက အထက်ပါအ‌ရေးပေါ် ဖုန်းနံပတ်သစ်သို့ ခေါ်ဆိုအကူညီတောင်းခံရန် ထုတ်ပြန်ထားသည်။

ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း မရမ်ကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိမြန်မာဆက်သွယ်ရေးလုပ်ငန်း အိပ်ချိန်းရုံး (MPT Exchange) ရုံး မီးလောင်သဖြင့် တစ်နိုင်ငံလုံးနီးပါးMPT ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခြင်းဖြစ်သည်။