ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
- ထားဝယ်သပိတ်ကော်မတီဝင်တစ်ဦးနဲ့ ဒေါင်းနက်PDF အဖွဲ့ကို စစ်ကော်မရှင်အမှုဖွင့်
- ထားဝယ်မြို့လယ်ခေါင်က စစ်ကော်မရှင်ဝန်ကြီးချုပ် ဦးမြတ်ကိုရဲ့ မဲဆွယ်ဆိုင်းဘုတ်ကို ဆိုင်ကယ်ဝင်တိုက်
- မောတောင်လမ်းမှာ ရက်ရှည်တိုက်ပွဲပြင်းထန်
- ထိုင်းအာဏာပိုင်တွေက အချိန်သတ်မှတ်ပြီးပြန်ခိုင်းလို့ မောတောင်စစ်ရှောင်တွေ နေရပ်ပြန်ရ
- ထားဝယ်မြို့ဝင်ဂိတ်တွေမှာ တစ်ရက်အတွင်း လူငယ်ရှစ်ဦး အဓမ္မစစ်မှုထမ်းစုဆောင်းခံရ
- မြိတ်မြို့မအားကစားကွင်းအရှေ့ဆိုင်ခန်းတွေကို စာချုပ်မပြည့်ခင် အဓမ္မဖယ်ခိုင်း
- သရက်ချောင်း မင်းဒပ်ရွာက နေအိမ် ၆၀ကျော်ကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး စတဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “လက်နက်ကိုင် တရုန်းရုန်းနဲ့ မြို့ပေါ်က မဲဆွယ်ပွဲတွေ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။






