ထားဝယ်မြို့ ရွှေတောင်စားစေတီနှင့် လောကမာရဇိန်ဘုရားကြီးတို့တွင် ယနေ့ သီတင်းကျွတ်လပြည့် (အောက်တိုဘာလ ၆ ရက်) ညနေပိုင်း၌ မိုးရွာနေသော်လည်း ဘုရားဖူးလာသူများဖြင့် စည်ကားနေသည်။
ကြက်မင်းစေတီ ခေါ် ကြက်သံဒိုင်း စေတီတွင်လည်း ဆီမီးပူဇော်သူများဖြင့် စည်ကားနေသည် ။
မြို့တွင်းလမ်းမများ၌မူ ဇရစ်ရပ်ကွက်တစ်ခုတွင်သာ လမ်းမ မီးအလှဆင်ထားသည်ကိုတွေ့ရပြီး အခြားရပ်ကွက်များတွင် လမ်းမ မီးအလှဆင်ထားခြင်း မတွေ့ရပေ ။
















ညနေပိုင်း၌ ရပ်ကွက်အချို့ တွင်လည်း ပျော်ပွဲရွှင်ပွဲ များပြုလုပ်နေသည်ကိုတွေ့ရသည် ။
ယနေ့နံနက်ပိုင်းက သပိတ်မျှောပွဲ ပြုလုပ်ပြီးစီးခဲ့သည့် ကမ်းနားလမ်းဝန်းကျင်ရှိ ရပ်ကွက်အချို့တွင် စစ်အာဏာရှင်တပ်သားများ နေရာယူထားကြောင်း မြို့ခံများက ပြောသည် ။
ထားဝယ်မြို့ သီတင်းကျွတ်လပြည့်ည မြင်ကွင်များကို စုစည်းဖော်ပြလိုက်ပါသည် ။







