ပြင်သစ်ဝန်ကြီးချုပ်သစ် ဆက်ဘက်စ်တီယန်လကော်နျူသည် ယနေ့ အောက်တိုဘာလ ၆ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။
၎င်း၏ အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး ၂၄ နာရီမပြည့်မီမှာပင် ယင်းသို့ ရာထူးမှ နုတ်ထွက်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ အံ့အားသင့်စရာ ဆုံးဖြတ်ချက်ကြောင့် ဆက်ဘက်စ်တီဘန်လကော်နျူ၏ အစိုးရသည် ခေတ်သစ်ပြင်သစ်နိုင်ငံသမိုင်းတွင် သက်တမ်းအတိုတောင်းဆုံး အစိုးရအဖွဲ့များထဲမှတစ်ခု ဖြစ်လာသည်။
ဆက်ဘက်စ်တီယန်လကော်နျူသည် ဝန်ကြီးချုပ် ဖြစ်လာသည်မှာ တစ်လ မပြည့်သေးပေ။
၎င်း ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်းကို ပြင်သစ်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် အတည်ပြုဖော်ပြထားသည်။
အလယ်အလတ်ဝါဒီများနှင့် ရှေးရိုးစွဲကွန်ဆာဗေးတစ်ဝါဒီများဖြင့် ဖွဲ့စည်းထားသည့် ၎င်း၏ အစိုးရဖွဲ့စည်းမှုနှင့် ပတ်သက်၍ နိုင်ငံရေးမတည်ငြိမ်မှုများ မြင့်တက်နေချိန် ဆက်ဘက်စ်တီယန်လကော်နျူသည် ဝန်ကြီးချုပ်ရာထူးမှ ရာထူးမှ နုတ်ထွက်သွားခြင်း ဖြစ်သည်။
ယခုနှစ်ကုန်မတိုင်ခင် အစိုးရဘတ်ဂျက် အတည်မပြုနိုင်မည့်အရေး စိုးရိမ်မှုများ တိုးပွားလာနေချိန်တွင် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်သွားခြင်းလည်း ဖြစ်သည်။
၎င်းနုတ်ထွက်သွားမှုကြောင့် ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရန် အတိုက်အခံပါတီများ၏ ဖိအားပေးမှု ပိုမိုအရှိန်မြှင့်လာနိုင်ကြောင်း The New York Times က ဖော်ပြသည်။
Source: The New York Times







