ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂိုးသမား အိုနာနာ အငှါးအပြောင်းအရွှေ့အတွက် မန်ယူနဲ့ တူရကီကလပ် သဘောတူညီမှုရပြီ

September 6, 2025

မန်ယူအသင်းဟာ အသင်းဂိုးသမား အိုနာနာ ကို ထရက်ဇွန်စပေါဆီ အငှားပြောင်းရွှေ့ကစားဖို့အတွက် ဆုံးဖြတ်ချက်ချမှတ်ခိုင်းလိုက်ပြီလို့ ESPN က ဖော်ပြထားပါတယ်။

တူရကီကလပ် ထရက်ဇွန်စပေါနဲ့ မန်ယူအသင်းတို့ရဲ့အကြားမှာ အိုနာနာရဲ့အငှားအပြောင်းအရွှေ့အတွက် အပြီးသတ် သဘောတူညီမှုရသွားခဲ့ပြီဖြစ်ပြီး လက်ရှိမှာ ကာယကံရှင်ကစားသမားဖြစ်သူရဲ့ဆုံးဖြတ်ချက်သာ လိုအပ်ပါတော့တယ်။

မန်ယူဟာ အိုနာနာကို ထရက်ဇွန်စပေါဆီ တစ်ရာသီစာ အငှားချဖို့ သဘောတူညီထားပြီး ဒီအငှားစာချုပ်မှာ အိုနာနာရဲ့ စွမ်းဆောင်ရည်ကို နှစ်ခြိုက်သဘောကျခဲ့ရင် ထရက်ဇွန်စပေါအနေနဲ့ အပြတ်ဝယ်ယူနိုင်တယ်လို့လည်း မန်ယူက အခွင့်အရေးတစ်ရပ် ပေးအပ်ထားပါတယ်။

မန်ယူနည်းပြ အေမိုရင် ဟာ ဂိုးသမား အိုနာနာကို အသင်းမပြောင်းဘဲ မန်ယူဆီမှာပဲ ကစားသမားဘဝ ဆက်လက်ဖြတ်သန်းမယ်ဆိုရင် တတိယဦးစားပေးအဖြစ်ပဲ ပွဲထွက်ရတော့မယ်လို့ အသိပေးထားပြီဖြစ်ပါတယ်။