BREAKING
October 31, 2025

မွန်ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ

September 6, 2025

ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ် ကဖောင်းတောကျေးရွာအုပ်စု၊ ကောင်းမှုရွာတွင် ယနေ့ (စက်တင်ဘာ ၆၊ တော်လသလင်းလပြည့်နေ့) မွန်ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ ပြုလုပ်ခဲ့ကြသည်။

သင်္ဘောပုံသဏ္ဍာန် ဆွမ်းတော်တင်ခုံပြုလုပ်ပြီး ဘုရားဆွမ်းတော် တင်လှူကြခြင်းဖြစ်သည်။

ယင်းဓလေ့ကို မွန်လူမျိုး နေထိုင်သည့် ဒေသများတွင် တော်သလင်းလပြည့်ရောက်တိုင်း ပြုလုပ်လေ့ရှိသည်။

ရေး-ထားဝယ်ကားလမ်းပိတ်ဆို့နေမှုကြောင့် ကုန်သွယ်ရေးပြတ်တောက်နေသဖြင့် ယခုနှစ် ဆွမ်းတော်ကြီးတင်ပွဲတွင် အခြားဒေသမှလာသည့် သစ်သီးများဖြင့် ဆွမ်းတော်ကြီးတင်လှူသူနည်းပြီး ဒေသထွက်အသီးအနှံများဖြင့် ဆွမ်းတော်တင်လှူသူများကြောင်း ဒေသခံများကပြောသည်။

ထားဝယ်ဒေသတွင် ဆွမ်းတော်ကြီးတင်လှူပွဲကို တော်သလင်းလပြည့်နှင့် သီတင်းကျွတ်လပြည့်များတွင် ကျင်းပကြပြီး ဒေသအလိုက် ကျင်းပသည့် ပုံစံများလည်း ကွဲပြားကြသည်။