BREAKING
October 18, 2025

တစ်ပတ်အတွင်း တနင်္သာရီသတင်းအစီအစဉ်

September 6, 2025

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

• တနင်္သာရီတိုင်းသား စစ်မှုထမ်းသင်တန်းဆင်းတွေ ရခိုင်စစ်မြေပြင်မှာ သေဆုံးသူများနေတဲ့အကြောင်း

• မြိတ် လသာရွာမှာ ကုန်ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက မီးရှို့လိုက်တဲ့အခြေအနေ

• အိမ်ချိပ်ပိတ်ခံထားရတဲ့ ဒလန်ဆိုသူရဲ့ ဥယျာဥ်နဲ့ ရော်ဘာခြံတွေကိုပါ ထပ်ချိပ်ပိတ်တဲ့သတင်း

• သရက်ချောင်း ရွာသုံးရွာက နေအိမ် ၇၀လောက် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သားနှစ်ဦးအသတ်ခံရသတင်း

• ကံပေါက်မှာ တရားမဝင်ခဲသတ္တုလုပ်ငန်းတွေ ပိတ်သိမ်းဖို့ စစ်ကော်မရှင်ရဲ့ ရပ်ကျေးအဖွဲ့ကြေညာတဲ့အကြောင်း

• ကျွန်းစုပင်လယ်မှာ ဆန်အိတ်တစ်ရာ‌နီးပါးကို စစ်အာဏာရှင်တပ် သိမ်းယူလိုက်တဲ့အခြေအနေ

• တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ရေဖြူဒေသခံ ခုနစ်ရာကျော် အရေးပေါ် အကူအညီလိုနေတဲသတင်း

• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “စစ်ကောင်စီရဲ့ ပြင်းထန်ထိုးစစ်ကြောင့် ဖောင်စီးရင်း ရေငတ်နေကြတဲ့ ပလစစ်ရှောင်များ”အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။