BREAKING
October 18, 2025

တနင်္သာရီတိုင်းရှိ မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပရန်စီစဉ်နေဟု တိုင်းရွေး/ကော်ဆို

August 6, 2025

ပုံစာ - ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် ထားဝယ်မြို့ရှိ မဲရုံတစ်ခုကိုတွေ့ရစဉ်(ပုံဟောင်း) ဓာတ်ပုံ - Dawei Watch

တနင်္သာရီတိုင်းရှိ မြို့နယ်ဆယ်မြို့နယ်စလုံးတွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု စစ်ကော်မရှင် လက်အောက်ရှိ တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံမှသိရသည် ။

ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်ကျင်းပသွားရန် လျာထားကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်များကို ကိုးကား၍ တိုင်းရွေး/ကော်ကဆိုသည်။

“မြို့နယ်ဆယ်ခုစလုံး ကျင်းပသွားဖို့ရှိပါတယ်။ နေရာအနှံ့ကျင်းပသွားနိုင်ဖို့ ရှိမရှိကတော့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆောင်ရွက်နေဆဲ အခြေအနေပဲ ရှိပါသေးတယ်” ဟု တိုင်းရွေး/ကော် တာဝန်ရှိသူကပြောဆိုသည်။

တနင်္သာရီတိုင်းတွင် တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးမှု ရယူထားသော ဒေသအများအပြား ရှိနေပြီး ယင်ဒေသများတွင်ပါ ရွေးကောက်ပွဲကျင်းပနိုင်ရန် စစ်ကော်မရှင်က လုပ်ဆောင်နေကြောင်း သတင်းများလည်းထွက်နေသည်။

လက်ရှိတွင် ပါတီတည်ထောင်ခွင့် မှတ်ပုံတင်ခြင်းသာ ဆောင်ရွက်ရသေးပြီး ရွေးကောက်ပွဲဝင်မည့် ဒေသအလိုက် ပါတီစာရင်းနှင့် ကိုယ်စားလှယ်လောင်းစာရင်း မှတ်ပုံတင် တင်သွင်းရမည့် ကာလကို မသတ်မှတ်ရသေးသဖြင့် တနင်္သာရီတိုင်းတွင် ပါတီမည်မျှဝင်ပြိုင်မည်ကို ပြော၍မရသေးကြောင်း ၎င်းကပြောသည် ။

အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကော်မရှင်ထံတွင် တည်ထောင်ခွင့် မှတ်ပုံပြန်တင်ထားသည့် နိုင်ငံရေးပါတီ ၅၆ ပါတီရှိပြီး တနင်္သာရီဒေသသီးသန့်အခြေစိုက်ပါတီ မပါရှိကြောင်း သြဂုတ်လ ၆ ရက်အထိ ရွေးကောက်ပွဲကော်မရှင် ဝက်ဆိုက်တွင် ဖော်ပြထားချက်အရသိရသည် ။

၂၀၁၅ ရွေးကောက်ပွဲ ကာလတွင် တနင်္သာရီတိုင်းတွင် ၁၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ၁၄ ပါတီ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ရာနှုန်းပြည့် အနိုင်ရရှိခဲ့သော်လည်း စစ်တပ်က အဓမ္မအာဏာသိမ်းခဲ့ပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သည်။