မန်ယူအသင်းသည် အသင်းဂိုးသမားဟောင်း ဒီဂီယာကို ပြန်လည်ခေါ်ယူရန် စီစဉ်နေပြီဖြစ်ကြောင်း Football Sport News က ဖော်ပြထားသည်။
မန်ယူနည်းပြ အေမိုရင် သည် လက်ရှိဂိုးသမား အိုနာနာ၏စွမ်းဆောင်ရည်ကို နှစ်ခြိုက်သဘောကျခြင်း မရှိတော့သည့်အတွက် နွေဈေးကွက်ဖွင့်လှစ်ချိန်တွင် ဂိုးသမားသစ်တစ်ဦးခေါ်ယူရန် စီစဉ်လျက်ရှိသည်။
ဒီဂီယာသည် လက်ရှိအချိန်၌ အီတလီစီးရီးအေကလပ် ဖီအိုရင်တီးနားတွင် ပါဝင်ကစားနေပြီး စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ကောင်းမွန်နေဆဲဖြစ်သော ဒီဂီယာကို ခေါ်ယူရန် ဥရောပထိပ်သီးအသင်းကြီးများစွာက မျက်စိကျနေပြီဖြစ်သည်။
ဒီဂီယာနှင့် ဖီအိုရင်တီးနားအသင်းတို့အကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်၌ သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယင်းအတွက် အလွတ်ပြောင်းရွှေ့ကြေးနှင့်ရနိုင်ဖွယ်ရှိသော ဒီဂီယာကို အသင်းကြီးများက ခေါ်ယူလိုနေကြခြင်းဖြစ်သည်။
ဒီဂီယာသည် မန်ယူဘက်က တရားဝင်ကမ်းလှမ်းဆက်သွယ်လာခဲ့ပါက ဖီအိုရင်တီးနားနှင့် စာချုပ်သစ် ထပ်မချုပ်တော့ဘဲ ၎င်း၏အသင်းဟောင်းထံသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆုံးဖြတ်ဖွယ်ရှိနေသည်။
ဒီဂီယာသည် မန်ယူထံတွင် ကစားသမားဘဝဖြတ်သန်းခဲ့စဉ်ကာလအတွင်း အမြင့်ဆုံးလုပ်ခလစာအဖြစ် တစ်ပတ်လုပ်ခ ပေါင်သုံးသိန်း ရရှိခဲ့ဖူးပြီး မန်ယူရင်းနှီးမြှုပ်နှံသူသစ် ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်မှာ အသစ်ခေါ်ယူမည့် ကစားသမားများကို အမြင့်ဆုံးအဖြစ် တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့် ပေါင်နှစ်သိန်းသာ ပေးရန် ဆုံးဖြတ်ထားသည်။
Source – Football Sport News