BREAKING
December 5, 2025

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ဂိတ်အနီးတွင် မြန်မာအမျိုးသမီးတစ်ဦး ကလေးမွေး

December 5, 2025

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်အနီးတွင် မြန်မာအမျိုးသမီးတစ်ဦး ကလေးမွေးဖွားကြောင်း မယ်ဆိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၏ အဖေများနေ့ဖြစ်သော ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက် ၈ နာရီခွဲတွင် မယ်ဆိုင်ဂိတ်အနီး DIY စတိုးဆိုင်ရှေ့၌ မြန်မာအမျိုးသမီးတစ်ဦး ရုတ်တရက် ဗိုက်နာလာပြီး အရေးပေါ် ကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီး ကလေးမွေးဖွားသည်ကို ထိုင်းရဲတပ်ဖွဲ့နှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ကူညီဆောင်ရွက်ခဲ့ကြောင်း ဖော်ပြသည်။

ကလေးမှာ ယောက်ျားလေးဖြစ်ပြီး မိခင်နှင့် ကလေးနှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်ကာ မယ်ဆိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဆက်လက်ဖော်ပြသည်။

မြန်မာအမျိုးသမီးနှင့်ပတ်သက်၍ အခြားသောအချက်အလက်များကိုမူ ဖော်ပြထားခြင်း မရှိပေ။

မယ်ဆိုင်မြို့သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မြို့၏ တဖက် ထိုင်းနယ်စပ်မြို့ဖြစ်သည်။

Ref: Maesai Police Station