ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အသစ်အဖြစ် Bhumjaithai ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူကို လွှတ်တော်က ရွေးချယ်တင်မြှောက်လိုက်ပြီဖြစ်သည်။
လွှတ်တော်ထဲတွင် မဲပေးနေဆဲဖြစ်သော်လည်း အမတ်နေရာ ၄၉၀ ကျော်ရှိသည့်အနက် ထောက်ခံမဲ ၂၅၀ ကျော်သွားပြီ ဖြစ်သဖြင့် အနုထင် ချန်ဝီရကူက ဝန်ကြီးချုပ်အသစ် ဖြစ်လာပြီဖြစ်သည်။
လွှတ်တော်ထဲတွင် ဝန်ကြီးချုပ်အသစ်နေရာအတွက် Pheu Thai ပါတီက Chaikasem Nitisiri နှင့် Bhumjaithai ပါတီက ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီဘက်က တောင်းဆိုချက် ၅ ချက်ဖြင့် Bhumjaithai ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူ ကို ဝန်ကြီးချုပ်အဖြစ် မဲပေးထောက်ခံခဲ့သဖြင့် ထောက်ခံမဲ ၂၅၀ ကျော် ရရှိလာပြီး အနုထင် ချန်ဝီရကူက ဝန်ကြီးချုပ်အသစ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ပါတီနှင့် သဘောတူညီချက်တွင် လာမည့်လေးလအတွင်း လွှတ်တော်ကို ဖျက်သိမ်း၍ ရွေးကောက်ပွဲအသစ်ကျင်းပပေးရန် ပါဝင်သည်။
ရွေးကောက်ပွဲတွင် အနိုင်ရထားသော ပြည်သူ့ပါတီကမူ အစိုးရအဖွဲ့တွင် မပါဝင်ဘဲ အတိုက်အခံပါတီအနေဖြင့် ဆက်ရှိနေမည်ဖြစ်သလို Pheu Thai ပါတီကလည်း အတိုက်အခံပါတီဖြစ်လာမည်ဖြစ်သည်။
Bhumjaithai ပါတီက ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူသည် ထိုင်းနိုင်ငံအတွင်း ဆေးခြောက်ကို တရားဝင်ဖြစ်စေရန် လုပ်ဆောင်ခဲ့သူဖြစ်သဖြင့် ဆေးခြောက်ပါတီဟု လူသိများသည်။
Ref: The Nation Thailand







