BREAKING
October 31, 2025

သရက်ချောင်းမြို့ သစ်ယားတောင်ကျောင်းတွင် ကျောင်းငယ်တစ်ဆောင်မီးလောင်ပြီး ကိုရင်ကြီးတစ်ပါး ပျံလွန်

September 5, 2025

သရက်ချောင်းမြို့ ၊ မြို့မရပ်ကွက်ရှိ သစ်ယားတောင်ဘုန်းကြီးကျောင်းတွင် ယနေ့ စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းက ကျောင်းဆောင်ငယ်တစ်ဆောင် မီးလောင်ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည် ။

နံနက် ၅ နာရီနှင့် ၆ နာရီအကြားတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ပျဥ်ခင်း ထရံကာ ကျောင်းဆောင် မီးလောင်ပျက်စီးကြောင်း ၎င်းတို့က ပြောဆိုသည်။

အဆိုပါကျောင်းဆောင်တွင် တစ်ပါတည်း သီတင်းသုံးနေသည့် အသက် ၈၀ ကျော်အရွယ် ကိုရင်ကြီးတစ်ပါး မီးထဲပါကာ ပျံလွန်တော်မူကြောင်း ရပ်ကွက်နေသူများက ဆိုသည်။

“ကိုရင်ကြီးက စိတ်ကျန်းမာရေးချို့တဲ့နေတာပါ။ တစ်ယောက်တည်း နေတာ။ သူ့ကျောင်းဆောင် တစ်ဆောင်တည်းပဲ မီးလောင်တာပါ။ ကျန်တဲ့အဆောင်တွေတော့ မီးမကူးဘူး” ဟု မြို့မရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ကျောင်းဆောင် မီးလောင်သည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးပေ။

မီးလောင်မှုကို ရပ်ကွက်နေသူများ၊ ကျောင်းတိုက်က ရဟန်းများနှင့် မီးသတ်တပ်ဖွဲ့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည် ။