BREAKING
October 20, 2025

ဆယ်နှစ်ကျော်လုပ်သက်ရှိ ကျွန်းစုဒေသခံ ရဲတစ်ဦး တော်လှန်ရေးတပ်ထံ ဘက်ပြောင်းခိုလှုံ

July 5, 2025

လုပ်သက် ၁၁ နှစ်ရှိပြီဖြစ်သည့် ကျွန်းစုဒေသခံ ရဲတပ်သားတစ်ဦး တနင်္သာရီမြို့နယ်ရှိ မြိတ်ခရိုင်တပ်ရင်း ၃ ထံ ဇူလိုင်လ ၄ ရက်နေ့က ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးတပ်ဖွဲဝင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့မ ရဲစခန်းမှ အသက် ၃၅ နှစ်အရွယ် ရဲတပ်သားရန်နိုင်လင်းသည် မိဘများရှိရာ တနင်္သာရီမြို့နယ်သို့ ထွက်ပြေးလာပြီး ဘက်ပြောင်းခိုလှုံလာကြောင်း မြိတ်ခရိုင်တပ်ရင်း ၃က တပ်ဖွဲ့ဝင်တစ်ဦး ဆိုသည်။

“သူမှာက ဘာလက်နက်မှ မပါဘူး။မတ်လကတည်းက ထွက်ပြေးလာတယ်။အခုမှ ကျွန်တော်တို့ဆီရောက်တယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

ရဲတပ်သား ရန်နိုင်လင်းသည် ပြည်မြို့၊ ဝက်ထီးကန်ရှိ အမှတ် (၂) အခြေခံ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းတွင် အပတ်စဉ် – ၂၉၂ စည်သူတပ်ခွဲ၌ သင်တန်းတက်ရောက်ခဲ့သူဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုနောက် လှိုင်းဘွဲ့မြို့မရဲစခန်းတွင် တာဝန်ကျနေချိန် ထွက်ပြေးလာခြင်းကြောင်း မြိတ်ခရိုင်တပ်ရင်း ၃ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ပြည်သူအပေါ်အကြမ်းဖက်မှုများကို လက်မခံနိုင်သဖြင့် ဘက်ပြောင်းခိုလှုံလာကြောင်း ဖော်ပြထားသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်များထံ ၆ လအတွင်း ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သား ၄၀ ဦးအထိ ရှိလာကြောင်း တော်လှန်ရေးတပ်ဖွဲ့များထဲမှ သိရသည်။