BREAKING
June 6, 2025

တရုတ်ပြည်မကြီးတွင် လူရွယ်အမျိုးသားများကို အခကြေးငွေးပေး ပွေ့ဖက်မှု အမျိုးသမီးငယ်များကြား ရေပန်းစား

June 5, 2025

တရုတ်ပြည်မကြီးတွင် အမျိုးသမီးငယ်များအကြား စိတ်ဖိစီးမှုသက်သာစေရန် ၅၀ ယွမ် (၇ ဒေါ်လာ) ပေးကာ “man mums” ဟုခေါ်သည့် လူရွယ်အမျိုးသားများနှင့် ပွေ့ဖက်မှု မြင့်တက်နေကြောင်း South China Morning Post က သတင်း ဖော်ပြသည်။

တရုတ်ပြည်မကြီး လူမှုကွန်ရက်မီဒီယာပေါ်တွင် “Man mums” ဟုခေါ်သည့် စွဲမက်ဖွယ် လူရွယ်အမျိုးသားများကို ရှာဖွေငှားရမ်းမှုများ ရေပန်းစားလာသည်။

“Man mum” ဆိုသည့် စကားလုံးသည် ကနဦးတွင် ဂျင်ဆော့သည့် အမျိုးသားများကိုသာ ခေါ်ဝေါ်ခြင်း ဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှုရှိကာ စိတ်ထားနူးညံ့သိမ်မွေ့ပြီး စိတ်ရှည်သည်းခံသည့် အမျိုးသားများကို ရည်ညွှန်းခေါ်ဆိုမှု ဖြစ်လာသည်။

ဘွဲ့ယူစာတမ်းကြောင့် စိတ်ဖိစီးနေသည့် ကျောင်းသူတစ်ယောက်က လူရွယ်အမျိုးသားများကိုနှင့် ပွေ့ဖက်ချိန်ရရန် မကြာသေးမီက လူမှုကွန်ရက်မီဒီယာပေါ်တွင် ရေးသားစုံစမ်းခဲ့သည်။

“ကျွန်မ အထက်တန်းကျောင်းသူဘဝမှာတုန်းက တစ်ခါ အဖက်ခံခဲ့ရဖူးတယ်။ လုံခြုံသွားတယ်လို့ ခံစားရတယ်။ ကျွန်မတို့ မြေအောက်ဘူတာရုံမှာ ငါးမိနစ်စာ ဖက်ခဲ့ရုံပဲ” ဟု ရေးသားခဲ့သည်။

အဆိုပါ ပို့စ်မှာ အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး ဝင်ရောက်မှတ်ချက်ပေးရေးသားသူ တစ်သိန်းကျော်အထိ ရှိခဲ့သည်။

တရုတ်ပြည်မကြီးတွင် အွန်လိုင်းမှတစ်ဆင့် “man mums” ရှာဖွေမှုများမှာ မြို့ကြီးများရှိ အမျိုးသမီးများအကြား ပိုမိုများပြားကြောင်း ဆိုသည်။

အဆိုပါ အမျိုးသမီးများကို လူရွယ်အမျိုးသားများကို ရွေးချယ်ရာတွင် ကိုယ်အမူအရာ၊ စိတ်ရှည်သည်းခံမှု၊ ခန္ဓာကိုယ်အချိုးအစား၊ ရုပ်ရည်အသွင်အပြင်ကို အခြေခံ၍ ရွေးချယ်လေ့ရှိကြောင်း သိရသည်။

အပြင်တွင် လူချင်းတွေ့ မပွေ့ဖက်ခင် အွန်လိုင်းတွင် သီးသန့်စကားပြောလေ့ရှိကြောင်းလည်း သိရသည်။

အရပ်ရှည်ထွားကျိုင်း၍ အားကစားသမားဆန်သော အမျိုးသမီးအချို့ကိုလည်း ပွေ့ဖက်ရန် ထည့်သွင်းစဉ်းစားလေ့ရှိကြောင်း ဖော်ပြသည်။

အများစုက မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာကဲ့သို့သော အများပြည်သူဧရိယာများတွင် လူချင်းတွေ့ ပွေ့ဖက်လေ့ရှိသည်။

ယင်းသို့ ပွေ့ဖက်ခမှာ ယွမ် ၂၀ မှ ၅၀ အတွင်း ( ၃ ဒေါ်လာမှ ၇ ဒေါ်လာအတွင်း ) ကျသင့်ကြောင်း ဖော်ပြသည်။

Source: South China Morning Post