ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဗင်နီဇွဲလားပြီးနောက် ကိုလံဘီယာကိုလည်း စစ်ရေးအရအရေးယူရန်ရှိဟု ထရမ့်ဆို

January 5, 2026

ကိုလံဘီယာအစိုးရကို စစ်ရေးအရ အရေးယူရန် အစီအစဉ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၄ ရက်နေ့က ခြိမ်းခြောက်လိုက်သည်။

ယင်းသို့ လုပ်ဆောင်ရန်မှာ ၎င်းအဖို့ သဘောကျစရာပင်ဖြစ်ကြောင်း ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကိုလံဘီယာကလည်း အခြေအနေတော်တော်ဆိုးနေပြီ။ ကိုကိန်းထုတ်ပြီး အမေရိကန်ကို ရောင်းရတာ ဝါသနာပါတဲ့ စိတ်မနှံ့တဲ့ လူတစ်ယောက်က ကိုလံဘီယာကို အုပ်ချုပ်နေတာပါ။ ဒီလူ ဒီလို သိပ်ကြာကြာ ဆက်လုပ်နေနိုင်တော့မှာ မဟုတ်ဘူး” ဟု ထရမ့်က Air Force One လေယာဉ်ပေါ်တွင် ပြောကြားခဲ့သည်။

ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပတ်ထရိုအား ရည်ညွှန်း၍ ထရမ့်က ယင်းသို့ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမေရိကန်အနေဖြင့် ကိုလံဘီယာသို့ စစ်အင်အားသုံး တိုက်ခိုက်မည်လားဟု တိုက်ရိုက်မေးမြန်းမှုကို ထရမ့်က “ဒါက ကျွန်တော့်အဖို့ သဘောကျစရာ ကောင်းပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို အမေရိကန်က ပြောင်ပြောင်တင်းတင်း ဝင်ရောက်စီးနင်းဖမ်းဆီးပြီး မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲရန် နယူးယောက်သို့ ခေါ်ဆောင်သွားပြီးနောက် ထရမ့်၏ ယခု မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

Source: Reuters