ထားဝယ်မြို့၊ ကမ်းနားလမ်း သဲကွင်း (သပိတ်မျှောကွင်း) တွင် တန်ဆောင်မုန်းလဆန်း ၁၄ ရက် နိုဝင်ဘာလ ၃ ရက် ညက မီးပုံးပျံလွှတ်ပြိုင်ပွဲကို ကျင်းပသည်။
ထားဝယ်လူမျိုးစုစည်းမှုကော်မတီက ဦးစီးကျင်းပခြင်းဖြစ်ပြီး ရပ်ကွက်နှင့် အသင်းအဖွဲ့ ဆယ်ခုက မီးပုံးပျံ ဆယ်လုံးလွှတ်တင်ယှဥ်ပြိုင်ခဲ့ကြသည်။
မြောင်းပုလဲရပ်ကွက် မီးပုံးပျံအသင်းက ပထမဆုရရှိကြောင်း ပါဝင်ယှဥ်ပြိုင်ခဲ့သည့် မီးပုံးပျံအသင်းများထံမှ သိရသည်။
မီးပုံးပျံများတွင် မြတ်စွာဘုရားရုပ်ပုံ၊ ထားဝယ်ဒေသက ထင်ရှားသည့် မီးပုံးပျံ ဦးကျော်ရင် ရုပ်ပုံနှင့် အလှချိတ်မီးပုံးငယ်များ ချိတ်ဆွဲလွှတ်တင်ခဲ့ကြခြင်းဖြစ်သည်။
ယင်းမီးပုံးပျံလွှတ်ပွဲ ကျင်းပသည့်နေရာတွင် ဇာတ်ပွဲလည်း ထည့်သွင်းထားပြီး ၁၁၃ ကြိမ်မြောက် လှည့်လည် အပူဇော်ခံသည့် နှစ်ကျိပ်ရှစ်ဆူဘုရားများလည်း ခေတ္တရပ်နားအပူဇော်ခံခဲ့ကြကြောင်း ဘုရားဖူးများထံမှ သိရသည်။
၂၀၁၉ ခုနှစ်က ထားဝယ်သပိတ်မျှောပွဲတွင်လည်း အထက်ပါ သဲကွင်းနေရာ၌ပင် ဖိတ်ခေါ်မီးပုံးပျံလွှတ်ပြိုင်ပွဲ ကျင်းပခဲ့ဖူးသည်။
Photo – Dawei Watch
























